ဒေးဒရဲ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ဥာဏ်ရည်ထက်မြက်ပြီး ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောင်းတွင်း ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် မိဘဆရာနှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကျင်းပရာ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ခင်ထွေးကြည်က ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ၂၀၂၃- ၂၀၂၄ ခုနှစ် မိဘဆရာအသင်း၏ အမှုဆောင်များအား ရွေးချယ်တင်မြှောက်ခြင်းနှင့် ကျောင်းတွင်း ဥာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အကြီးတန်းအဆင့်၊ အငယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ခင်ထွေးကြည်၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရေး နွားနို့နှင့် ပေါင်မုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း