(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်း

မကွေး စက်တင်ဘာ ၂၆

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် သွေးလှူဒါန်းနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ရဲမှူးကြီးလင်းထွဋ် ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း၍ တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင်တွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသော ရဲတပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းမှုတွင် တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၉၆)ဦးဖြင့် သွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သွေးလှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)