ဘားအံမြို့တွင် ကရင်ပြည်နယ် သမဝါယမ အသင်းစုချုပ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ပြုလုပ်

ဘားအံ စက်တင်ဘာ ၂၆

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင်  ကရင်ပြည်နယ် သမဝါယမအသင်းစုချုပ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဘားအံမြို့၊ ကရင်ပြည်နယ် သမဝါယမအသင်း စုချုပ်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်သမဝါယဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး အသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးလင်းခိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင် ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းကိုလည်းကောင်း၊ အသင်းစာရင်းစစ် အဖွဲ့ခေါင်းဆောင် ဦးသန်းထွန်းဦးက အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော အသင်းဝင်ကိုယ်စားလှယ်များ၏ သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက် ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာနအောက် ကရင်ပြည်နယ်အတွင်းရှိ ဦးစီးဌာနများနမှ ပြည်နယ်မှူးများ၊ အသင်းစုချုပ် အမှုဆောင်အဖွဲ့များ၊ ဖိတ်ကြားထားသော အမှုဆောင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)