ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ ဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေး ဆောင်ရွက်

ကော့သောင်း စက်တင်ဘာ ၂၆

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အဝးပြေးခရီးသည်တင် ယာဉ်လိုင်းများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ မနက်ပိုင်းက ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုတွင် ကော့သောင်းခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပြီး ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင် ဘတ်စ်ယာဉ်များ ကြံ့ခိုင်မှုရှိ/မရှိ၊ သတ်မှတ်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်များရှိ/မရှိ၊ မီးသတ်ဆေးဘူး၊ မှန်ခွဲတူ၊ ရောင်ပြန်များ၊ ပါရှိခြင်းရှိ/မရှိ၊ ယာဉ်မောင်းနှင့်ခရီးသည်များ အသက်ကယ်ခါးပတ် ဝတ်ဆင်မှုရှိ/မရှိတို့အား အသိပညာပေး စစ်ဆေးခဲ့ပါသည်။

ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကျော်သူအောင်မှ ယာဉ်လိုင်းများနှင့် ယာဉ်မောင်းများ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ဟောပြောပါသည်။

ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းအေးထွန်းမှ မိုးတွင်းကာလဖြစ်၍ ယာဉ်ကြံ့ခိုင်ရေးနှင့် ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ Quick Win အစီအမံ (၅) ချက်ကို မဖြစ်မနေ လိုက်နာကြရန်နှင့် တရားမဝင် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ပါသည်။

ဟောပြောပွဲသို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်မှူး၊ ဂိတ်စာရေးများ တက်ရောက်ခဲ့ကြပါသည်။

ခရိုင်(ပြန်/ဆက်)