မုံရွာခရိုင်၊ သစ်တောဦးစီးဌာန၊ ဘမုံရွာမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၃ခုနှစ်၊မိုးရာသီ) တွင် လူထုဖြန့်ပျိုးပင် လျထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး သစ်မျိုးအလိုက် ဖြန့်ဝေပေး

မုံရွာ၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် သစ်တောဦးစီးဌာနမှ ဦးဆောင်ပြီး မုံရွာမြို့နယ်အား ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူဖြစ်စေရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်စေရေးသစ်တောသစ်ပင်များချစ်ခင်မြတ်နိုးလိုစိတ်ဖြစ်ပေါ်လာစေရေး ဂေဟစနစ်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၂၀၂၃ခုနှစ်၊မိုးရာသီ) တွင် လူထုဖြန့်ပျိုးပင် လျထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး သစ်မျိုးအလိုက် ပြည်သူများနှင့်ဌာနဆိုင်ရာများသို့ နန္ဒဝန်ပျိုးဥယျာဥ်နှင့် အလုံသစ်တောပျိုးဥယျာဥ်တို့မှ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းထံမှ သိရသည်။

မုံရွာသစ်တောဦးစီးဌာနရှိ နန္ဒဝန်ပျိုးဥယျာဥ် နှင့် အလုံသစ်တောပျိုးဥယျာဥ်တို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်(၂၀၂၃ခုနှစ်၊မိုးရာသီ)တွင် ကျွန်း ၃၀၀၀၀ကုက္ကိုလ် ၄၀၀၀၊ ခရေ ၃၀၀၀ ငုစပ် ၂၀၀၀ ငုရွှေဝါ ၃၀၀၀ စိန်ပန်းကြီး ၂၀၀၀ တမာ ၈၀၀၀ဗန်ဒါ ၂၀၀၀ မန်ကျည်း ၃၀၀၀မာတာကွတ် ၁၀၀၀ မယ်ဇယ် ၆၀၀၀မယ်ဇလီ ၄၀၀၀ ရေတမာ ၄၀၀၀သပြေဘူတ ၂၀၀၀စုစုပေါင်းလူထုဖြန့်ပျိုးပင် လျထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး စက်တင်ဘာ ၂၅ ရက်နေ့အထိ ပျိုးပင်ပေါင်း ၃၆၇၈၆ပင်ကို ဖြန့်ဝေပြီးစီး၍ စိုက်ပျိုးထားရှိပါကြောင်းနှင့် ကျန်ရှိပျိုးပင် ၃၇၂၁၄ ပင်ကို ဆက်လက်ဖြန့်ဝေခြင်းများကိုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ မည်သူမဆို ကျွန်တော်တို့ မြို့နယ်နယ်သစ်တောဦးစီးဌာနသို့ ရုံးချိန်အတွင်း လာရောက်ဆက်သွယ်၍ အခမဲ့ထုတ်ယူနိုင်ပါကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)