ဖျာပုံ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဖျာပုံမြို့ မြို့မစျေးကြီးအတွင်း စားသုံးဆီများအား အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါစျေးကြီးအတွင်း၊ လိုက်လံစစ်ဆေးကြသည်။
ထိုသို့ မြို့မစျေးကြီးအတွင်း စားသုံးဆီများအား အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချနေမှုအား၊ ဖျာပုံခရိုင်စားသုံးရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲဝင်များက၊ မြို့မစျေးကြီးအတွင်းရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင် စားသုံးဆီများအား၊ အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းတည်ငြိမ်မှု ရှိ/မရှိနှင့် စျေးကွက်အတွင်း၊စားသုံးဆီ ပြတ်လပ်မှု မရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)