ကော့ကရိတ်မြို့ စက်တင်ဘာ ၂၅
လူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေး၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများ ရရှိစေရေး၊ ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျုံဒိုး အခြေခံ ပညာအထက်တန်းကျောင်း (ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျုံဒိုး အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက လူငယ် စကားဝိုင်းများ ကျင်းပပြုလုပ်ပေး ခြင်းသည် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများရရှိစေရေး၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေရေး၊ စဥ်းစားတွေးခေါ်မှု မြင့်မားလာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်ကက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ကျောင်းသား/သူများ ဖြစ်ကြသော မဒီလေးဝေက လူငယ်နှင့်ပညာရေး၊ နန်းနန္ဒာလင်း ကလူငယ်နှင့်ကျန်းမာရေး၊ မောင်အောင်ကောင်းမြတ်က လူငယ်နှင့် အားကစား၊ မောင်မျိုးမင်ခန့်က လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ (၃၀၀) ဦး၊ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)