ချောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ချောက် စက်တင်ဘာ ၂၅

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ကာယ၊ ဥာဏ၊ စာရိတ္တ​ပေါင်းသင်းဆက်ဆံ​ရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အ​ခြေခံဖွံ့ဖြိုးမှုများ ဘက်စုံတိုးတက်​အောင်​လေ့ကျင့်၍ ရင်သွေးငယ်လေးများ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်​စေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ယင်းကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ​ချောက်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများအား အသက်အရွယ်အလိုက် အဆင့်သုံးဆင့်ခွဲ၍ ပြိုင်ပွဲပြုလုပ်ခဲ့ရာ အကြီးအဆင့်တွင်​"ဆေးဆိုးသမားကိုဇီးကွက်"ပုံပြင်၊ "ကစား​ဖော်"၊ "ယုန်နှင့်လိပ်ကဗျာ"၊ "ဝါဆိုပန်းခူးသွား"၊ "Baa Baa Black Sheep"သီချင်းအားလည်းကောင်း၊ အလတ်အဆင့်တွင် "နာဂ​ယောင်္ကျား"၊ "တာဝန်ကိုယ်စီ"၊ "သူငယ်ချင်းကဗျာ၊ "ကြာဆစ်ကြိုး"သီချင်းအားလည်းကောင်း၊ အငယ်အဆင့်တွင်"ကျား"၊ “သီတင်းကျွတ်လ" ၊"မနှင်းဆီ" ကဗျာ၊ "လိ​မ္မော်သီး(၅)လုံး"သီချင်းအားလည်းကောင်း ယှဥ်ပြိုင်ခဲ့ကြသည်။ အကြီးအဆင့်တွင် ကလေးငယ် (၄၀)ဦး၊ အလတ်အဆင့်တွင် ကလေးငယ် (၇၀)ဦး၊ အငယ်အဆင့်တွင် ကလေးငယ်(၄၀)ဦး စုစု​ပေါင်း ရင်သွေးငယ် (၁၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် က​​လေးများအား အငြိမ်းစားမူလတန်းကြို​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ခင်စိုးမိ၊​ ရေနံ​ချောင်းမူလတန်းကြို​ကျောင်းအုပ်ဆရာမကြီး​​ ဒေါ်ပပအုန်း၊​ ချောက်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းနှင့် ဆရာမများ၊ မိဘဆရာအသင်းအဖွဲ့ဝင်များက ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသည့် ရင်​သွေးငယ်​လေးများအား မုန့်များ​​ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူကလေးငယ်​​လေးများနှင့်အတူ မိဘအုပ်ထိန်းသူများပါ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)