ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) ၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

ပေါက်ခေါင်း စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) ကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဓမ္မသော်) အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် အ.ထ.က (ဓမ္မသော်)မှ ဘုရင့်နောင်၊ ကျန်စစ်သား၊ အ‌လောင်းဘုရား၊ အနော်ရထာနှင့် ဗန္ဓုလဘောလုံးအသင်း (၅)သင်းမှ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် စက်တင်ဘာလ (၉) ရက်နေ့မှ စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၂၃ ရက်နေ့က အုပ်စုပထမရသည့်အသင်းနှင့် အုပ်စုဒုတိယရသည့်အသင်းတို့ ဗိုလ်လုပွဲအဖြစ် ဘုရင့်နောင်အသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုရင့်နောင်အသင်းကခုနှစ်ဂိုး၊ တစ်ဂိုးရလဒ်ဖြင့် ဗန္ဓုလအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ ပထမဆုရရှိသည့် ဘုရင့်နောင်အသင်းကို တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဗန္ဓုလအသင်းကို ဆုဖလားနှင့်ပွဲစဉ်တစ်လျောက် တစ်ဦးခြင်းအကောင်းဆုံးကစားသမားဆုများ၊ အသန့်ရှင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းအများဆုံးဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)