ပုလော စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်စာ ပေချစ်သူများအဖွဲ့က ဆရာမခင်စောတင့် ရေးသားထားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်က ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေချစ်သူများအဖွဲ့ဝင် ဦးအာကာစိုးက လမ်းလျှောက်ခြင်းသည် လူသားတို့အတွက် အကောင်းဆုံးဆေးဖြစ်ကြောင်း၊ တိုးတက်နေတဲ့ခေတ်မှာ ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင်မရနိုင်တဲ့အတွက် ရောဂါမျိုးစုံဖြစ်ပေါ်နိုင်ကြောင်း၊ ငွေကြေးကုန်ကျ သက်သာပြီး၊ အကျိုးရှိနိုင်တဲ့ နည်းလမ်းကောင်းကတော့ လမ်းလျှောက်ခြင်းဖြစ်ကြောင်း၊ လမ်းလျှောက်ခြင်းက နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ သွေးတိုးနှင့်လေဖြတ်ရောဂါ၊ ကင်ဆာတချို့(သားမြတ်၊ အူလမ်းကြောင်း၊ ဆီးကြိတ်) စသည့် ရောဂါများဖြစ်နိုင်ချေနည်းပါးလာမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာပေချစ်သူများအဖွဲ့ဝင် ဦးမျိုးမြတ်ဝင်းက ပန်းဉယျာဉ်အတွင်းဝယ်၊ စွန်းစားမှုဆီသို့ ခြေတစ်လှမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်အေမီလှိုင်က ကျော်ကြားမှု အတွက် ပေးဆပ်ရခြင်း၊ အမေဆိုတာ၊ကျေးဇူးပါအမေ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အေးအေးမော် (ပုလော)