လှိုင်းဘွဲ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချပေးသော အိမ်တွင်းလျှပ်စစ် သွယ်တန်းနည်း သင်တန်းကို စက်တင်ဘာလ(၁၂)ရက်နေ့မှ စတင်ကာ စက်တင်ဘာလ(၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒိုင်းပြကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းမှရရှိလာသော လျှပ်စစ်သွယ်တန်းနည်းပညာများကို မိမိဒေသတွင် အသုံးချနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိမိဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းနှင့်တာဝန်ရှိသူတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသသည့် သင်တန်းသားများအား ဆုများပေးအပ်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းသားများ လက်တွေ့ဆောင်ရွက်ထားသည့် လျှပ်စစ် သွယ်တန်းမှုပုံစံများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)