တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား (၆) လ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကော့သောင်း စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ () မိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၀၈:၀၀) အချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား (၆)လ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့  စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ကိုယ့်ဒေသကိုယ့်ရပ်ရွာမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ခလေးငယ်တွေကို ဒေသခံ (သင်တန်းရရှိထားတဲ့) သင်တန်းသူများက အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် ယခုလို သင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်သည် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းများနဲ့ ပြည်သူလူထုအကြား ပေါင်းကူးချိတ်ဆက် ကူညီဆောင်ရွက်ပေးရသည်မှာ အရန်သားဖွား ဆရာမများရဲ့ ပဓာနအကျဆုံး တာဝန်တစ်ခုသာဖြစ်ကြောင်း ​ရှင်းလင်းပြောကြားခဲ့ပြီး ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသူ/သင်တန်းသားများအား စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူ/သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး သင်တန်းကာလအတွင်း ကြိုးစားသင်ယူဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ အရန်သားဖွားသင်တန်း () လ သင်တန်းကို ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များမှ သင်တန်းသားသင်တန်းသူ (၄၀) ဦးတို့က တက်ရောက်ကြပြီး သင်တန်း ကာလအနေဖြင့် စက်တင်ဘာလ (၂၄) ရက်မှ မတ်လ (၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)