ဟင်္သာတမြို့နယ် ဘုရားကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဘုရားကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ပညာရေးစားသုံးသူရေးရာအား/ကာပြန်/ဆက်ဌာနများ ပူးပေါင်းကာ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေ့ဦးစွာဘုရားကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲမှ တာဝန်ခံဆရာမကြီး ဒေါ်မြသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း အကျိုးကျေးဇူးများကိုလည်းကောင်းမြိုနယ်စားသုံးသူရေးရာဦးစီဌာနမှ ဒေါ်ဆုမွန်ဟန်က ကုန်အညွှန်းအမှတ် တံဆိပ်များ သုံးစွဲမှုအခြေအနေများ ကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက လူငယ်နှင့် အားကစား၊ အားကစားအမျိုးအစားများ၊ အားကစား သိပ္ပံတက်ရောက်ရန် လူငယ်တစ်ဦးတွင် ရှိသင့်သည့် အချက်အလက်များ ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းများ အပြန် အလှန် မေးမြန်းကာ လက်ဆောင်များ ချီးမြှင့်ခြင်းနှင့် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစား ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဟင်္သာတခရိုင် ပြန်ဆက်ဦးစီးဌာနမှ ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)