သရက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ စက်တင်ဘာ ၁၈ ရက် နေ့တွင် စတင်ထိုးနှံလျက်ရှိရာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအခြေပြု အခြေခံအထက်တန်းနှင့် အလယ်တန်း၊ မူလတန်းတို့တွင် ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာ စက်တင်ဘာ (၂၃) ရက်နေ့ နံနက် (၉:၃၀) နာရီက တပ်တွင်း မူလတန်းကျောင်းမှ ကျောင်းသူများကို ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် သားအိမ်ခေါင်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည့် WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သာအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျာ်သော ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောင်ဆီဂျင် တိုင်းတာပေးခြင်း၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးစာရင်းသွင်းခြင်း စသည်တို့ဆောင်ရွက်ပြီးမှ ဆေးများကို ထိုးနှံပေးခဲ့သည်။
ဆေးထိုးနှံမှုအား ခရိုင်ဆရာဝန်ကြီးနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ဆေးထိုးပြီးသည့် ကလေးများကို ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဟာရမုန့်များ ပေးအပ်ခဲ့သည်။ သရက်မြို့နယ်အတွင်း ဆေးထိုးရန် (၁၉၃၂) ဦးရှိသည့် အနက် စက်တင်ဘာ (၁၈) ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့ထိ (၁၂၄၂) ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)