မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ပလတ်စတစ်အိတ်မသုံးစွဲရေး လှုပ်ရှားမှု ဆောင်ရွက်

မင်းတုန်း စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ယနေ့နံနက် ၇ နာရီက တနင်္လာနေ့တိုင်း ပလပ်စတစ်အိတ်မသုံးစွဲရေးလှုပ်ရှားမှုအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရေးလှုပ်ရှားမှုဆောင်ရွက်ခြင်းသည် ပလတ်စတစ်အိတ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပလတ်စတစ်အိတ် အစားထိုး ဖက်ရွက်၊ ပြန်လည်အသုံးပြုနိုင်သော အိတ်နှင့် ခြင်းတောင်းတို့ အသုံးပြုရန် ဈေးရောင်း ဈေးဝယ်သူများအား အသိပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)