မြောင်းမြမြို့နယ်ရှိ ပြင်ရွာနှင့် ဒရယ်ပေါက်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မြောင်းမြ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြင်ရွာနှင့် ဒရယ်ပေါက်ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် စက်တင်ဘာလ ၂၃ ရက်နေ့က မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် လျှပ်စစ်ဓာတ်အားပေးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီဝင်များ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျေးရွာသူ/သားများ တွေ့ဆုံ၍ ကျေးရွာလျှပ်စစ်မီးရရှိရေး ဆွေးနွေးပြီးနောက်​မီးတိုင်များစိုက်ထူရန် လမ်းနေရာများကို ကြည့်ရှု့စစ်ဆေးပြီး မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်း၊ ခြံစည်းရိုးများကို ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)