သံတောင်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP)ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

သံတောင်ကြီး စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူလေးများ (၆၈)ဦးအား (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီ အချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ   မိုးလုံလေလုံ အားကစားခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

(HVP) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် (၉)နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသူများ၏ စာရင်းများ မှတ်တမ်းရေးသွင်းခြင်း ၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး စနစ်တကျ ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းများမှ ကျောင်းသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးထံမှ သိရသည်။

နော်လော်မူ