သံတောင်ကြီး စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်အေးပုလဲ ( Book Club) အဖွဲ့ဝင်က စာအုပ်ပါ အကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် လမ်းလျှောက်ထွက်မယ်၊ သိုက်မြုံမှ ခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ်လပြည့်ညဝယ်၊ ရှုမဆုံးတော့သည်စသည့် အကြောင်းအရာများကို ဖတ်ကြားဆွးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စောအယ်ကလိုက (Book Club) အဖွဲ့ဝင်က စကားပြောဖို့ ခလုတ်နှိပ်ပါ၊ မျှော်လင့်ချက်၊ မွေးမေမေနဲ့ကျွေးမေမေ၊ လူတန်းစားအလွှာမခြားနားစေရန်၊ ဘာကြောင့်မေ့တာလဲ၊ ရှင်သန်တိုးပွား ချစ်ခြင်းတရား၊ စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါ ကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ