မော်လိုက် စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ Connunity Centre ခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းများ၊ တာဝန်နှင့်ဝတ္တရားများ၊ ဝတ်စားဆင်ယင်မှုနှင့် ဆောင်ရန်/ရှောင်ရန်များ၊ အသံနေအသံထားများကို စာတွေ့လက်တွေ့ အကျယ်တဝင့် ရှင်းလင်းသင်ကြားပို့ချပေးပြီး သင်တန်းသူ/သင်တန်းသားများက လက်တွေ့လေ့ကျင့်ခဲ့ကြသည်။
သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ သင်တန်း/သူသင်တန်းသားများ စုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)