ယင်းမာပင် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆီစက်လုပ်ငန်းလုပ်ငန်းရှင်များက ယမန်နေ့၊ နံနက် (၁၀)နာရီက မဟာဇောတိကာရာမကျောင်းတိုက်ရှေ့တွင် ဒေသခံပြည်သူတစ်ဦးလျှင် စားသုံးဆီ(၅၀)ကျပ်သားကို (၂၈၀၀)နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ယခုကဲ့သို့ လှည့်လည်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)