ငွေဆောင် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး(ပုသိမ်)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ငွေဆောင်ဇုန်)တို့၏ ပူးပေါင်းစီစဥ်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်မည့်ငွေဆောင်ဟိုတယ်ဇုန် (ဟိုတယ်ဆိုင်ရာ) ဝန်ဆောင်မှုသင်တန်း Service Quality Management & Customer Service Training သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ Hotel @ the sea ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ၊ ဟို တယ်ဇုန်တာဝန်ရှိသူများ၊ Manager များ၊ သင်တန်းတက်မည့်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ငွေဆောင်ဟိုတယ်ဇုန် (ဟိုတယ်ဆိုင်ရာ) ဝန်ဆောင်မှု သင်တန်းအား YGE သင်တန်းကျောင်းမှ သင်တန်းဆရာ ဦးအောင်ဇော်ဇော်ဝင်းမှ (၂၄.၉.၂၀၂၃) ရက်နေ့မှ (၂၇.၉.၂၀၂၃) ရက်နေ့ထိ (၄) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား /သူ ( ၆၀) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
R – 014( ငွေဆောင်)