ကျောင်းကုန်းမြို့နယ် ဖွံ့ဖြိုး​တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကျောင်းကုန်း စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် တရားဥပ​ဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကိုင်းဝိုင်းအုပ်စု၊ ဝိသုဒ္ဒါရာမဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်သန်း၊ ဌာနဆိုင်ရာအကြီးအကဲ(၂)ဦးတို့သည်‌‌ ကိုင်းဝိုင်းအုပ်စု၊ ဝိသုဒ္ဒါရာမဘုန်း‌ကြီးကျောင်း၌ ပြည်သူ့လုံခြုံရေး(၃၀)ဦး ကျေးရွာပြည်သူ(၁၃၅)ဦး၊ စုစုပေါင်း(၁၆၅)စုဦးတို့နှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး/ အုပ်ချုပ်ရေး/ ကာကွယ်ရေး/ ပညာရေး/ ကျန်းမာရေး/ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ စာသင်ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး အပြင်ထွက်တိုင်း Mask တပ်ဆင်ရေးနှင့်ကျေး ရွာ‌ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်း၍လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး၊ စိုက်ပျိုးရေးနှင့်ပက်သက်၍ လယ်မြေအတွင်း သဘာဝ‌မြေဩဇာအတွက် ပိုက်ဆံလျှော်စိုက်ပျိုးကြ‌ရေး တစ်ဧက(၁၀)တင်းနှုန်း အထွက်တိုးရေးမြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်ဖြင့် စိုက်ပျိုးကြရန်နှင့်‌ တောင်သူများစိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်ကြရန်၊ နေကြာဆီထွက်သီးနှံပင်များ စိုက်ပျိုးကြရန်၊ မိမိအိမ်ခြံဝန်းအတွင်း တနိုင်တပိုင်သီးနှံပင်များစိုက်ပျိုးကြရန်၊ အသေးစားမွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ကြရန် စနေနေ့တိုင်းရပ်ကွက်အလိုက်၊ နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး Clean City ၊ Green City ၊ Smart City ဖြစ်အောင်ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁း၃၀ နာရီအချိန်ခန့်က လိပ်ပုတ်အုပ်စု၊ ဒန်ကုန်းဓမ္မာရုံ၌ ပြည်သူ့လုံခြုံရေး(၂၃)ဦး၊ ကျေးရွာပြည်သူ(၁၂၁)ဦး စုစုပေါင်း(၁၄၄)ဦးတို့နှင့်တွေ့ဆုံကာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးနင်း/ မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီးမောင်းနှင်စေရေး၊ ဆိုင်ကယ်စီးနင်းရာတွင်(၂) ဦးထက်ပို၍ စီးနင်းမှုမရှိစေရေးစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရေး အသိပညာပေးဟောပြောခြင်း၊ ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားခြင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)