စေတုတ္တရာမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော ကျောင်းသူ (၁၀၇၆) ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးပြီး

စေတုတ္တရာ စက်တင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အတွက် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သောကျောင်းသူ (၁၀၇၆) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆) ကျောင်းရှိ ကျောင်းသူများအား ဆေးထိုးစုရပ်အလိုက် စက်တင်ဘာ(၁၈)ရက်မှ(၂၃)ရက်အထိ  နေ့စဥ်ထိုးနှံပေးခဲ့ရာ ယမန်နေ့ထိ ထိုးနှံပြီးသူကျောင်းသူဦးရေ (၁၀၇၆)ဦးရှိပြီဖြစ်သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာ ဆေးထိုးစုရပ်ကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ/မများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး လက္ခဏာများ မဖြစ်စေရန် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)