ကသာ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာဒေါက်တာဖြိုးသီဟ၏ “ဗုဒ္ဓအလိုကျ Minimalist” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကသာမြို့ Book Club အဖွဲ့ဝင် စာရေးဆရာ(ကသာသင်းမွှေး)က စာရေးဆရာညိမ်းညိုရေးသားသည့် “ဗုဒ္ဓအလိုကျ Minimalist” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဝင် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးဘမောင်(ကိုဘ၊ကသာ)ကလည်းကောင်း၊ စာပေချစ်သူဦးသန်းဦး(ကြယ်ပြောင်ကသာ)၊ စာပေချစ်သူဒေါ်အေးစပယ်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကသာမြို့နယ်စာရေဆရာအသင်းနာယကဦးချစ်မြိုင်က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် မိမိတို့၏တိုးတက်ရာတိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ လျှောက်လှမ်းရာတွင် မှန်မှန်ကန်ကန်စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လူတစ်ယောက်နှင့်တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူညီကြကြောင်း ဗုဒ္ဓအလိုကျ ဆောက်တည်ကျင့်သုံးကြရမည်ဖြစ်ကြောင်းတို့ကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)