ထီးချိုင့် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသော ကျောင်းသား/သူများအား နိုင်ငံသားကတ်ရရှိနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်ဝေခန့်နှင့် ဝန်ထမ်းများက နိုင်ငံသားဖြစ်သူတိုင်း မှတ်ပုံတင်ရရှိရေးအတွက် ဆရာ/မများနှင့်ပူးပေါင်း၍ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/သူစုစုပေါင်း (၅၄ ) ဦးအား ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)