(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

 ဒိုက်ဦး စက်တင်ဘာ ၂၄

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စခန်းမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲအား ယနေ့ နံနက် ၇း၃၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ဘောနီအမြန် လမ်းမကြီးရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲအား (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း ဒေသခံပြည်သူများနှင့် ချစ်ခင်ရင်းနှီးမှုရရှိစေရန်လည်းကောင်း ရည်ရွယ်၍ စခန်းမှူးဖလား ဖူဆယ်ဘောလုံးကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း (ဘောနီ)စခန်းမှူးရဲအုပ်စည်သူအောင်က ပြောကြားပါသည်။

ပြိုင်ပွဲတွင် ဘောနီကျေးရွာ၊ လွင်စွမ်းရာဘာကုမ္ပဏီ၊ C.P.P ကုမ္ပဏီ၊ ဘောနီအမြန်လမ်းမကြီးရဲစခန်း၊ မအူတန်းရဲကင်း၊ သစ်နီရဲကင်း၊ ဝါးကတုတ်ရဲကင်း စသည့် စုစုပေါင်း အသင်း(၇)သင်းဖြင့် အုပ်စု(၂)စုခွဲ၍  ကျင်းပသွားမည်ဖြစ်ကာ အဖွင့်ပွဲစဉ်အဖြစ် သစ်နီရဲကင်းအသင်းနှင့် လွင်စွမ်းရာဘာ ကုမ္ပဏီအသင်းတို့ ကွင်းဖွင့် ကစားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)