စလင်းမြို့နယ်အတွင်းရှိ​ ပြည်သူ(၃၉၆၀)ဦးတို့အား စားအုန်းဆီများသက်သာသောစျေးနှုန်းဖြင့် နေ့စဥ်ရောင်းချပေး

 စလင်း စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ၊ စလင်းမြို့မှပြည်သူများနှင့် ဆင်ဖြူကျွန်းမြို့မှ ပြည်သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် စလင်းမြို့နယ်ဆီလုပ်ငန်းရှင်များပူးပေါင်းစီစဥ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းမှရပ်ကွက်အသီးသီးမှဒေသခံပြည်သူများကိုသက်သာသောစျေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီများကို  ယနေ့နံနက် ၉ နာရီ စနစ်တကျစီတန်း၍ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီတစ်ပိသာလျှင် ငွေကျပ်(၄၉၀၀)နှုန်းဖြင့် စားအုန်းဆီတစ်ဦးလျှင်(၅၀)ကျပ်သားနှုန်းဖြင့် စလင်းမြို့မှ ဆီပိသာ(၆၆၀)၊ ဆင်ဖြူကျွန်းမြို့မှဆီပိသာ(၁၃၂၀) စုစုပေါင်းဆီပိသာ(၁၉၈၀)ပိသာ၊ လူဦးရေ(၃၉၆၀)အား ရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ဘဝတစ်ဖက် တစ်လမ်းမှအထောက်အကူဖြစ်စေပြီး ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးအောင်သူ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါအနီးကပ်ကြီးကြပ်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း