မင်းတုန်းမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)လုပ်ငန်းတိုးတက်မှု ကွင်းဆင်းစစ်ဆေး

မင်းတုန်း စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပြောင်းပြာကျေးရွာရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်း  တိုးတက်မှုအခြေအနေကို ယမန်နေ့ ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးသန်းစိုးမင်းက ဦးကျော်စိုးဝေ၏ ရတာနာတိုးပရိဘောဂလုပ်ငန်းအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ လုပ်ငန်းတိုးတက်မှု စစ်ဆေးရာတွင် အမှတ်(၂၅) သစ်စက်(ပဒါန်း)မှ လေလံဖြင့် ဝယ်ယူထားသော ပျဉ်းကတိုးနှင့် အခြားသားဖြင့် သစ်သားအခြေပြု အိမ်သုံးပရိဘောဂများ ဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းသည် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ သစ်ကုန်ကြမ်းမှ အရည်အသွေးကောင်းမွန်သည့် ကုန်ချော အိမ်သုံး ပရိဘောဂများ ထုတ်လုပ်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)