ကန့်ဘလူ၌ နိုင်ငံ့၀န်ထမ်းများအားစားအုန်းဆီများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကန့်ဘလူ   စက်တင်ဘာ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် တာဝန်ထမ်းနေသော နိုင်ငံ့ဝန်ထမ်းများ စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်အဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍  စားအုန်းဆီ ကိုပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ဆက်လက်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် ၀န်ထမ်းတစ်ဦးလျှင် တစ်ပိဿာ ငွေကျပ် ၅၃၀၀ နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)