မြို့သစ် အောက်တိုဘာ ၁၉
မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်း လုပ်ငန်းအား မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမ၌ ယနေ့နံနက် (၉) နာရီက ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ သန့်ဇော်မြင့်တို့က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးမျိုးဇော်အောင်မှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းရာမြို့နယ် ကျန်းမာရေးမှူး ဒေါက် တာသန့်ဇော်မြင့်နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးမျိုးဇော်အောင်တို့က အသီးသီး ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းဝင်ထွန်း (ပြန်/ဆက်)