ငပုတောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌‌စောင်ပြပွဲကျင်းပ     

ငပုတော စက်တင်ဘာ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌‌စောင်ပြပွဲကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က အ.ထ.က နဝရက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းက အခမ်းအနားပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ဟေမာန်ဦးက အမှိုက်နှင့်ပလပ်စတစ် အန္တရာယ်အကြောင်းနှင့်ပတ်သတ်၍ Power Point ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်နှင်းဝေလှိုင်က သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကမ္ဘာမြေစောင့်ရှောက်ခြင်းခေါင်းစဉ်ဖြင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင်  အလယ်တန်းအဆင့်အထက်တန်းအဆင့် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသူကျောင်းသားများအား ဆုများအားပေးအပ်ချီးမြှင့်ခဲ့သည်။ တက်ရောက်လာကြသူများသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ပြသထားသော ပန်းချီနံရံကပ်စာ‌စောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်‌ /ဆက်)