ဒေးဒရဲမြို့နယ်၌ မိုးကြိုးထိမှန်သေဆုံးခဲ့သူ၏ မိသားစုထံသို့ ထောက်ပံ့ငွေများပေးအပ်

ဒေးဒရဲ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ထောင်မှူးချောင်ကျေးရွာအုပ်စု၊ (၆)နံပါတ်ကျေးရွာအနီး တိုးမြစ်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၊ မွန်းလွဲ (၃)နာရီက ကျုံဒါတ်ကျေးရွာမှ ဒေးဒရဲမြို့နယ်သို့ စက်လှေမောင်းနှင်လာသည့် ဦးမင်းဇော် အသက်(၃၆)နှစ်သည် မိုးကြိုးထိမှန်၍ စက်လှေပေါ်က ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ရာ  ယနေ့နံနက်(၁၀)နာရီခွဲက အဆိုပါသေဆုံးသူ၏ မိသားစုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများက မိုးကြိုးထိမှန်သေဆုံးခဲ့သည့်သူ၏ကိုယ်စား ၎င်း၏မိသားစုထံသို့ ထောက်ပံ့ရန်ပုံငွေ ကျပ်(၃၀၀၀၀၀)အား ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း