ဟုမ္မလင်းတွင် ပထမအကြိမ် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ အသိပညာပေး

ဟုမ္မလင်း အောက်တိုဘ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဟုမ္မလင်းမြို့ ခုတင် (၁၀၀ )ဆံ့ ပြည်သူ့ဆေးရုံအုပ်ရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးတင်မောင်ဝင်းက HPV ကာကွယ် ဆေးထိုး လုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည် မေးမြန်းရာ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းနှင့် ကျန်းမာရေးမှူး(၁) ဦးတင်မောင်ဝင်းတို့က ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ HPV ကာကွယ်ဆေးကို အောက်တိုဘာ၂၀ ရက်နေ့မှ စတင်ထိုးပေးသွားမည်ဖြစ်ပြီး ဟုမ္မလင်းမြို့နယ် အတွင်း HPV ကာကွယ်ဆေးထိုးမည်သူများ ၃၈၈၆ ဦးရှိ ကြောင်း သိရသည်။

ချန်လော (ဟုမ္မလင်း)