ဇလွန် အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာဖြစ်သော ညောင်ပင်လေး ကျေးရွာတွင် စာရင်းဇယားများနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့အား ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ဇလွန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် CERP အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်နိုင်ရန် ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်စေရန်အတွက် VRFP စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်၍ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းကျေးရွာများအား စာရင်းဇယားနှင့် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)