ဓနုဖြူ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၂၅၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်း က ဆကာကြီးကျေးရွာအုပ်စု၊ ဆကာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး ရှေ့၌ ရောင်းချပေးခဲ့သည်။
ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်းကို ယနေ့တွင် ဆကာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁) ရပ်ကွက်မှ အမှတ်(၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့ပြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံးရှိ ပြည်သူများအား အလှည့်ကျ နေ့စဉ် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)