ဝန်းသို စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ အတ္တကျော် ရေးသားသည့် “သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် “သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း” အနုပညာစာအုပ်ပါ အကြောင်းအရာများကို အကျဉ်းချုပ်ဆွေးနွေးသည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း အတွင်းရေးမှူး စာရေးဆရာမကြီး ဒေါ်တင်ထားရီ(ထိပ်ထား-ဝန်းသို)က “ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ၊ မိဘတွေရဲ့အသိဉာဏ်နဲ့ ပညာအရည်အချင်း၊ ရိုက်နှက်ဆုံးမတယ်ဆိုတာဘာလဲ၊ မရိုက်မနှက်တဲ့ အတွက် ဖြစ်လာနိုင်တဲ့ အကျိုးကျေးဇူး” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်နှင့် ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)