ဟုမ္မလင်း စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်းကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်းကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဧဆက်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြင်ပစာပေဗဟုသုတ များကို ဖတ်ရှုလေ့လာစေရန်၊ “လူငယ်နှင့်အခွင့် အလမ်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှဆိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်း၊ ခေတ္တတပ်ဖွဲ့စုမှူး ဒု-ရဲမှူးမြင့်အောင်က ဟုမ္မလင်းကောလိပ် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့်ပတ်သက်၍ ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းနှင့်ပတ်သတ်၍ Power Point ဖြင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသောသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမှတ်(၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်း၊ ခေတ္တတပ်ဖွဲ့စုမှူး ဒု-ရဲမှူးမြင့်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးဧဆက်၊ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှဆိုင်း၊ စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်းကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၁၃) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရ
သည်။
ဟုမ္မလင်း (ပြန်/ဆက်)