ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများအား မြေစိုက်နံရံကပ် ဘုတ်တွင် ပြသထားရှိ

ပန်ဆောင်    အောက်တိုဘာ     ၁၉

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့ နံနက် ၉ နာရီက ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန် မိမိက အစ ကာကွယ်စို့၊ သံသရဖြစ်ဖွယ်ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့် နည်း လမ်းများ စသည့် ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်းစရာရုပ်ပုံများ ပြသခဲ့ ကြောင်း သိရသည်။

ဂျာယော်(ပြန်/ဆက်)