ကျောက်ကြီး စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစားပြင်ဆင်ခြင်းလုပ်ငန်းကို နေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်းစီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတုလက်တု ဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေးသင်တန်းသွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါ ချို့တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူများ၊ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ နံနက် ၉ နာရီအချိန်တွင် "အခမဲ့" ဆောင်ရွက်ပေးနေ ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက် (၄၀၀) ကျော်ခန်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှသိရပြီး ခြေတုအသစ်တပ်ဆင်လိုသူများအားလည်း လိုအပ်သည့်ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်များ လေ့ကျင့်ခန်းပြုလုပ်ရန် နည်းစနစ်များ ညွှန်ပြပေးခြင်းနှင့် ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်