လဟယ် စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လဟယ်မြို့တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်(၉)နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း အဖွင့်အမှာစကားပြောကြား ပါသည်။ ထို့နောက် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝိုင်းအောင် မှ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံမည့် ရည်ရွယ်ချက်နှင့် ကျောင်းအခြေပြု၊ ပြည်သူလူထု အခြေပြု ထိုးနှံမည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်များက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ၊သတ်မှတ်ရက်အတွင်းထိုးနှံနိုင်ရေးအတွက် အကြုံပြု ဆွေးနွေး တင်ပြကြီး နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက ဆွေးနွေးအကြံပြုချက်အပေါ် ဖြည့်စွက်နွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးကို အသက်(၉)မှ (၁၂)နှစ်အတွင်းအမျိုးသမီးကလေးငယ်များအား ကျောင်းအခြေပြု၍လည်းကောင်း၊ပြည်သူ လူထုအခြေပြု၍လည်းေကာင်းထိုးနှံသွားမည်ဖြစ်ပြီး ၎င်းကာကွယ်ဆေး ကို(၁၈-၉-၂၀၂၃)ရက် မှ(၂၉-၉-၂၀၂၃)ရက်အကြား ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းဒေသအတွင်းရေးမှူး ဦးနေမင်းသူ နှင့် ဒေသစီမံအဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌ ဦးဇာနည်၀င်း နှင့်အဖွဲ့၀င်များမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝိုင်းအောင်နှင့် ရုံးအဖွဲ့များ၊ လဟယ်မြို့ပေါ်ရှိ ကျောင်းဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)