လဟယ်မြို့တွင်ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း ကြိမ်၊ ဝါး၊ လက်မှု ထည်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

လဟယ်      စက်တင်ဘာ     ၂၃

စစ်ကိုင်းတိုင်းဒေသ၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊လဟယ်မြို့တွင်အသေးစားစက် မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သောကြိမ်၊ဝါးလက်မှုထည် ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက်(၉) နာရီအချိန်လဟယ်မြို့အမျိုးသမီးအိမ်တွင်းမှု သက် မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ပါသည်။

ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းသည် နာဂဒေသနဲ့ကိုက်ညီသော သင်တန်းဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီတဲ့ကြိမ်၊ ဝါးလက်မှုထည် ထုတ်ကုန်ပစ္စည်းများကို သက်သာသောနှုန်းထားဖြင့် ရောင်းချနိုင်ရေး ဒေသထွက်ကုန် ကြမ်းပစ္စည်းများကို အခြေခံပြီးတန်ဖိုး မြင့်ထုတ်ကုန်များ၊ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပါကြောင်းပြောကြားသည်။

ထို့နောက် နာဂဒေသ အသေးစားစက်မှု လက်မှုလုပ်ငန်းစီးဌာနမှ ဒေသတာဝန်ခံ ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားရာတွင်သင်တန်းကာလမှာ အခြေခံသင်တန်း(၁၀)ရက်နှင့် မွန်းမံသင်တန်း(၅)ရက်တို့ကို စာတွေ့လက်တွေ့ သင်ခန်းစာ များကို ပို့ချပေးမည်ဖြစ်ပြီး ထိုသင်တန်းမှ ထူးချွန်သူ(၅)ဦးကိုလည်း တစ်ဦးလျင် ငွေကျပ်(၁၀) သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများကိုထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို လဟယ်မြို့နယ် မွန်နောက်ပြောင်ကျေးရွာတွင် စက်တင်ဘာလ(၁၅)ရက် မှ(၂၉) ထိသင်တန်းသား (၁၂)ဦးအားပို့ချသွားမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဒေသ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့      ဉက္ကဋ္ဌဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းမှဒေသတာဝန်ခံ ဦးထိုက်တန် နှင့်ရုံးအဖွဲ့ဝင်မျာနှင့်၊ သင်တန်းသားများတက်ရောက်ကြောင်းသိရှိရပါသည်။

(မြို့နယ်ပြန်ဆက်)