ဟုမ္မလင်း စက်တင်ဘာ ၂၃
ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ညနေ (၄) နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စိုက်ခင်းနှင့် ဟုမ္မလင်းမြို့ အိုးအိမ်ဝန်ထမ်းအိမ်ယာရှိ မိသားစုဝင်များအား စားဖိုဆောင် သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် သီးပင်စားပင်မျိုးစေ့များနှင့် နှစ်ရှည်ပင်များ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နေရာသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများက မုန်ညင်း၊ မုန်လာ၊ ဆလပ်၊ ကိုက်လန်၊ ရုံးပတီ၊ ခရမ်း၊ ခရမ်းချဥ်၊ ပဲတောင့်ရှည်၊ ပဲစောင်းလျား၊ ဗိုလ်စားပဲ၊ ပဲပြား၊ နံနံ၊ ကြယ်တာယာပန်း၊ ဘူး၊ ဖရုံ၊ သခွား၊ ငရုတ်မျိုးစေ့ထုတ်များ (၁၂၀) ထုတ်၊ ဂွေးတောက်၊ သံပုရာ၊ ဆူးပုပ်၊ ငရုတ် ဟင်းသီးရွက်ပျိုးပင်များနှင့် နှစ်ရှည်ပင်များဖြင့်သည့် မျောက်ငို၊ ထောပတ်၊ သလဲသီး စသော အရိပ်ရသီးနှံပျိုးပင် (၁၂၀) တို့ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စိုက်ခင်းနှင့် ဟုမ္မလင်းမြို့ အိုးအိမ်ဝန်ထမ်းအိမ်ယာရှိ မိသားစုဝင်များအား သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)