ခန္တီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်း ပြုလုပ်

ခန္တီး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေး ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ခန္တီး)ကျောင်း၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အ.ထ.က(ခန္တီး)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွန်ကြားရေးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်များ  သိသင့်သိထိုက်သော အခွင့်ရေးဆိုင်ရာများကိုလည်းကောင်း၊ ကလေးသူငယ်များ ဆိုင်ရာနည်းဉပဒေများကိုလည်းကောင်း၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာ‌သော ကျောင်းသား/သူလေးများကလည်း သိရှိလိုသည် များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်သူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)