ရွှေဘိုမြို့၌ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရွှေဘို စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ​အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဒေသခံပြည်သူများ​ နေ့စဥ် ​နေထိုင်စား​သောက်​ရေး အ​ထောက်အကူဖြစ်​စေ​​ရန် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီက အမှတ် (၈)ရပ်ကွက်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊​ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက လွတ်လပ်စွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည် ၂၅၀၀ နှုန်း၊ ဆီငါးဆယ်သားကို ​ငွေကျပ် ၂၅၀၀ နှုန်း၊ ကြက်ဥ ၅ လုံး ၁၀၀၀ နှုန်း၊ ကြက်သားငါးဆယ်သားကို ငွေကျပ်၂၅၀၀ နှုန်းဖြင့် လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)