သဲကုန်း စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက် (၂) ဖြင့် မင်းလှအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သဲကုန်းမြို့နယ်ရုံးမှ ဝန်ထမ်းများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက် (၂) ဖြင့် မင်းလှအုပ်စုအတွင်းရှိအသက် (၁၈) နှစ်ပြည့်ပြည်သူများ၊ အသက် (၁၆) နှင့် (၁၈) နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၁၇) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်း များကွင်းဆင်းဆောင်ရွက် ပြုလုပ် ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှသိရသည်။
ကိုကျော် (ပြန်/ဆက်)