မင်းဘူး(စကု)မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မင်းဘူး စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ ရေဘေးသင့်ကျေးရွာများအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာထောက်ပံ့ငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့  မွန်းလွဲ ၃ နာရီက ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ထိုသို့ ပေးအပ်ခြင်းကို မင်းဘူး(စကု)မြို့နယ်မှ မြေနိမ့်ပိုင်းမြို့ပေါ်ရပ်ကွက်နှင့် မြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာအုပ်စုများတွင်  မြစ်ရေများ ဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး၊ ရေဘေးကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် မန်းကျိုးကျေးရွာအုပ်စုရှိ ထုံးမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း (၇၂) စု၏ လူဦးရေပေါင်း (၁၃၉) ဦးတို့အတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယအကြိမ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွ ကျပ် ၂၉၁,၉၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)