သာယာဝတီမြို့တွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

သာယာဝတီ စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စက်တင်ဘာလ ၂၁ နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ယနေ့ နေ့လယ် ၁  နာရီက ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့်  စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းနေအိမ် (၆) လုံးအတွက် ပြောင်းရွှေ့စရိတ်ခြောက်သိန်းကျပ်၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ ခုနစ်သောင်းငါးထောင်ခြောက်ရာကျပ်၊ စုစုပေါင်း ခြောက်သိန်း​ခုနစ်သောင်းငါးထောင်ခြောက်ရာကျပ်တို့အား လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

​သန့်ဇော် (ပြန်/ဆက်)