ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရေတာရှည် စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးငယ်များအား မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကောင်းထက်နိုင်က သဘာဝဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်စေတက်သည့် အကြောင်းအရာများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ မီးငြိမ်းသတ်နည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်ဆရာကြီး ဦးနိုင်လင်းထွန်းက မီးသတ်ဆေးဘူးအသုံးပြုငြိမ်းသတ်နည်းအား ရှင်းလင်းပြသခဲ့သည်။ ထို့နောက် မီးဘေးအန္တရာယ်အသိပညာပေး ဗီဒီယိုဇာတ်လမ်းတိုများအား ပြသပေးခဲ့ကြောင်းသိရသည်။

ရေတာရှည် (ပြန်/ဆက်)