ရွှေဘိုမြို့တွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၂၂

​စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့ အလက(၁၁)တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာနမှ မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး ​ဟော​ပြောပွဲကို ယ​နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ဟော​ပြောပွဲတွင်၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး​ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက မူးယစ်​ဆေးဝါး တားဆီးကာကွယ်​ရေးအတွက် မူး​ယစ်ဆေးအမျိုးအစားများနှင့် မူးယစ်​ဆေးဝါး၏ ဆိုးကျိုးများအ​ကြောင်း အသိပညာ​ပေး​ ဟော​ပြောခဲ့ပြီး ဒုတိယဦးစီးမှူး​​ ဒေါ်ခိုင်ဇင်က​ကျောင်းစာပြင်ပ ဗဟုသုတများ ရှာမှီး​စေလို​ကြောင်း၊ မိမိတို့ဌာန၏ စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ် စာစောင်များ များစွာရှိပါ​ကြောင်း ကျောင်းသား/သူများ အသင်းဝင်ရောက်၍ လာရောက် ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ဟော​ပြောပွဲတွင် အလယ်တန်း၊ အထက်တန်း ​ကျောင်းသား/သူများ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့​ပြီး ​ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန​မှ ပြသထား​သော အသိပညာ​ပေး နံရံကပ်စာ​​​​စောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်