ပေါင်းတည် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အပတ်စဉ်ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ ညှိနှိုင်အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ အသေးစားကောက်စိုက်စက်များအား တောင်သူများ ဝယ်ယူအသုံးပြုနိုင်ရေးကို နှိုးဆာ်ရန်ပြောကြားပြီး စက်၏အရည်အသွေးကို ပရိုဂျက်တာဖြင့် ပြသသည်။ ဆက်လက်၍ အသက် ၁၈ နှစ်ပြည့်ပြီးသူများ မြေပြင်စာရင်းစမ်းသပ်ကောက်ယူရေးလုပ်ငန်း၊ ပေါင်းတည် မြတ်စွယ်တော်အပူဇော်ခံပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မိုးစပါးရိတ်သိမ်းပြီးနောက် သက်တမ်းတို ဒုတိယသီးနှံစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ရေး၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ဆောင်ရွက်မည့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ တင်ပြရေးတို့ကို မှာကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့ပြသန်ရှင်းသာယာလှပရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေးနှင့် အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ဆန်နှင့်ဆီများ စျေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာစားသောက်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဌာနဆိုင်ရာများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်ချက်အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆောင်ရွက်ရမည့် လုပ်ငန်းများအောင်မြင်ရေးအတွက် စီမံခန့်ခွဲလမ်းညွှန်ကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)